- ဗမာ 72 -
- ဗမာ 73 -
ဗမာ
•
တပ်ဆင်ရန်၊ဖြုတ်ရန်၊ အလျားလိုက်လယ်ဗယ်ကိုချိန်ညှိရန် သို့မဟုတ် နံရံတွယ်ကပ်ကိရိယာကိုစောင်းရန် TV ကိုဆွဲယူသည့်အခါ
မျက်နှာပြင်ပေါ်တွင် တိုက်ရိုက်အားဖြင့် မဖိပါနှင့်။
•
တပ်ဆင်ရန်၊ဖြုတ်ရန်၊ အလျားလိုက်လယ်ဗယ်ကိုချိန်ညှိရန် သို့မဟုတ် နံရံတွယ်ကပ်ကိရိယာကိုစောင်းရန်
TV ကိုကိုင်တွယ်သည့်အခါ ကေဘယ်ကြိုးတစ်ခုခုကို မထိခိုက်မိပါစေနှင့်။
•
နံရံကပ်အထိုင်အား တပ်ဆင်ပြီးနောက် TV နှင့် နံရံကပ်အထိုင်၏ ထောက်များအား အားများများဖြင့် ထိခိုက်မှုမရှိပါစေနှင့်။ နံရံကပ်အထိုင်
သို့မဟုတ် TV သည် ပျက်စီးမှုရှိလာနိုင်သလို နံရံကပ်အထိုင်ပစ္စည်းနှင့် TV ၏ ချိတ်ဆက်မှုများလည်း မတည်မငြိမ်ဖြစ်လာနိုင်ပါသည်။
ထိုအခြေအနေများတွင် နံရံကပ်အထိုင်အား ပြန်လည်တပ်ဆင်ပါ သို့မဟုတ် ကျွမ်းကျင်သူ၏ အကူအညီရယူပါ။
•
ထုတ်ကုန်တစ်ခုစီအတွက် ထုတ်ကုန်မော်ဒယ်အပြင် ပူးတွဲပေးထားသည့် အသုံးပြုသူ လမ်းညွှန်ကို စစ်ဆေးပြီး နံရံမှာ တွယ်ကပ်နို
င်သည့်အမျိုးအစားဖြစ်မဖြစ်ကို စစ်ဆေးပါ။
–
နံရံမှာ တည်ငြိမ်နေသည့် နံရံဖြစ်ရမည်။ နံရံမှာ တင်းမာမှုမရှိလျှင် တပ်ဆင်မှုမလုပ်မီ မွမ်းမံပြင်ဆင်ပါ။
–
နံရံမှာ ကွန်ကရစ်(အုတ်နံရံ)မဟုတ်လျှင် TV ကိုနံရံတွင် တပ်ဆင်နိုင်မှုရှိမရှိသိနိုင်ရန် အထူးကျွမ်းကျင်သူဖြင့် စစ်ဆေးပါ။
–
ထုတ်ကုန်အားတပ်ဆင်မည့်နံရံအကြောင်း- သုံးထားသည့်ပစ္စည်း-ကိုသင်မသိလျှင် တပ်ဆင်ရေး အထူးကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ပါ။
•
ထုတ်ကုန်စွမ်းဆောင်ရည်ကိုထိန်းထားရန်နှင့် ချွတ်ယွင်းမှုမမဖြစ်စေရန် အောက်ပါနေရာများတွင် မတပ်ဆင်ပါနှင့်။
–
တုန်ခါမှုသို့မဟုတ်ရှော့ခ်ဘေးရှိသည့်နေရာများ။ ထုတ်ကုန်ပြုတ်ကျသွားနိုင်ပြီး ပျက်စီးသွားနိုင်သည်။
–
ရေဖြန်းထုတ်ပေးသည့် မီးသတ်ပိုက်ခေါင်းဘေးတွင် - အာရုံခံကိရိယာသည် TV မှအပူလှိုင်းကို ရှာသိနိုင်ပြီး ရေဖြန်းလွှတ်ပေးတတ်သည်။
–
ဖိအားမြင့်ကေဘယ်ကြိုးများအနီး - ဖိအားမြင့်ကေဘယ်ကြိုးများကြောင့် TV ကိုအနှောင့်အယှက်ဖြစ်စေပြီး စခရင်ကမှန်ကန်စွာ ပြသမည်မဟုတ်ပေ။
–
အပူပေးစက်အနီး - TV အပူလွန်ပြီး ချွတ်ယွင်းနိုင်သည်။
–
ဒေါင်လိုက်နံရံမှလွဲ၍ မည်သည့်နေရာတွင်မျှမတပ်ဆင်ရ။
–
ကလေးများလက်လှမ်းမမီသည့်နေရာတွင် တပ်ဆင်ပါ။
–
နံရံအတွင်း၌တပ်ဆင်ရန် နံရံကိုမဖောက်ထွင်းပါနှင့်။
–
သင်တပ်ဆင်မည့်နံရံအမျိုးအစားနှင့်အခြေအနေကို
မဖြစ်မနေစစ်ဆေးပါ။
–
နံရံအမျိုးအစားပေါ်မူတည်ပြီး သုံးစွဲရမည့် ပစ္စည်းများ ကွဲပြားနိုင်ပါသည်။
အောက်တွင်ပေးထားသည့်သတ်မှတ်ချက်အလိုက် ပစ္စည်းများကို
ရွေးချယ်ပါ။
–
ပေးထားသည့် ဝက်အူရစ်အားလုံးကို သုံးစရာမလိုပါ။ သို့သော်
အနည်းဆုံး ဝက်အူရစ် 4 လုံးသုံးရမည်။
–
A အဖြစ်မှတ်သားထားသည့် နေရာနှစ်ခုတွင် ဝက်အူရစ်များကို
သုံးရမည်။
–
တပ်ဆင်ရန် ဘေးပတ်ပတ်လည်ပေးမူတည်ပြီး B
မှတ်သားထားသည့်အပိုင်း အနည်းဆုံး 2 နေရာကိုရွေးချယ်ပါ။
–
ကြိုးများကို နံရံထဲတွင် ဖျောက်ထားရန် ကျွမ်းကျင်သည့် တပ်ဆင်သူထံ
ဆက်သွယ်ပါ။